Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, December 10, 2014

The Spectre အကြောင်း


Spectre ရဲ့ ထူးခြားချက်ကတော့
တိုက်ခိုက်တဲ့အသားပေး Ability နဲ့ ကာကွယ်ဖို့အထူးပြုထားတဲ့ Ability ပုံစံ ၂ မျိုးလုံးနဲ့ တွဲဖက်ဖွဲ့စည်းထားတဲ့ Carry
Hero တစ်ကောင်ဖြစ်ပါတယ်။ ရန်သူကို Movement Speed လျော့ပြီး မိမိ Movement Speed တိုးစေတဲ့ Spectral Dagger , တိုက်ခိုက်မှုတိုင်းမှာ Pure Damage ပမာဏတစ်ခုပါဝင်နေမယ့် Desolate, မိမိကို Tank Hero တစ်ကောင်လိုပြောင်းလဲစေရုံမကဘဲ တစ်ဖက်အသင်းရဲ့ Damage နဲ့ သူတို့ကို ပြန်တိုက်ခိုက်နိုင်မယ့် Dispersion အပြင် Global Ability တစ်ခုဖြစ်တဲ့ Ultimate Haunt တို့ဟာ ရိုးရှင်းစွာပင် တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတာဖြစ်လို့ Spectre ဟာ ကိုင်တွယ်ရလွယ်ကူသလောက် အသင်းအတွက် အကျိုးအမြတ်ကြီးကြီးမားမားကို ခေါ်ဆောင်လာပေးမယ့် Carry Hero တစ်ကောင်ဖြစ်ပါတယ်။

Abilities

Cooldown ရော Mana ကုန်ကျစားရိတ်ပါ များပြားတဲ့ Spectral Dagger ဟာ Damage ပမာဏလည်း နည်းပါးတဲ့အတွက် မကြာခဏသုံးပေးရမယ့် Ability မျိုးမဟုတ်ပါဘူး။ အကွာအဝေး 2000 Range အထိ ပစ်လွှတ်နိုင်ပြီး ပစ်လိုက်တဲ့လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ ရန်သူ့ Hero တွေအားလုံးဟာ Movement Speed လျော့သွားမှာဖြစ်ပြီး Spectre အနေနဲ့ကတော့ ပစ်လွှတ်လိုက်တဲ့ အချိန်ကစပြီး Movement Speed တိုးသွားမှာဖြစ်ပါတယ်။ အဆိုပါ Movement Speed အတိုးအလျော့ဟာ 8%/12%/16%/20% ဖြစ်ပြီး ကြာချိန် 12 seconds ရှိမှာဖြစ်ပါတယ်။ Spectral Dagger ပစ်လွှတ်လိုက်တဲ့ လမ်းကြောင်းတစ်လျှောက် ကျန်ရှိခဲ့တဲ့ အရိပ်ပေါ်ကို တက်နင်းတဲ့ Enemy Hero တွေအားလုံးလည်း MS Slow ကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ အဆိုပါ ၁၂ စက္ကန့်အတွင်းမှာ Spectre ရဲ့ မြေပေါ်ခြေချထားတဲ့ Collision Size ဟာ 24 ကနေ 0 သို့ကျဆင်းသွားမှာဖြစ်လို့ အဆိုပါ အချိန်အတွင်းမှာ Spectre အနေနဲ့သာမန် Phase effect အပြင် သစ်ပင်၊ ကုန်းတက်ကုန်းဆင်း၊ အဆောက်အအုံတွေ မကဘဲ လမ်းပိတ်တဲ့ Ability များဖြစ်တဲ့ Fissure, Ice Shard တို့ကိုပါ ကျော်လွှားသွားနိုင်မှာဖြစ်ပါတယ်။ 20% သော Movement Speed အတိုးအလျော့ပမာဏဟာ များပြားတဲ့အတွက် မကြာခဏ အသုံးမပြုသင့်တဲ့ Ability ဖြစ်ပေမယ့် စောနိုင်သမျှ စောစောတင်ထားခြင်းက အစောပိုင်းမဖြစ်မနေကြုံရမယ့် Team Fight တွေအတွက် အကျိုးရှိပါလိမ့်မယ်။ Spectral Dagger ရဲ့ 2000 Range ကို အပြည့်အဝရောက်ရှိဖို့အတွက် Hero ကို ထောက်သုံးခြင်းထက် မြေကြီးပေါ်ထောက်သုံးခြင်းက ပိုမိုအကျိုးရှိစေမှာဖြစ်ပါတယ်။ 

Spectre ရဲ့ Physical တိုက်ခိုက်မှုတိုင်းမှာ သာမန် Physical Damage အပြင် မိမိယူထားတဲ့အဆင့်အလိုက် Pure Damage ပမာဏတစ်ခုက အပိုဆောင်းအနေနဲ့ ထည့်သွင်းတိုက်ခိုက်ပေးနေမယ့် Desolate ဖြစ်ပါတယ်။ မိမိရဲ့ပုံမှန် Physical တိုက်ခိုက်မှုတစ်ခုက တစ်ဖက်အသင်းရဲ့ Hero ပေါ်ကို မသတ်ရောက်ခင်မှာဘဲ 20/35/50/65 Pure Damage က အရင်သတ်ရောက်နေမှာဖြစ်ပါတယ်။ အဲ့ဒီ့ Pure Damage ဖြစ်ပေါ်ဖို့အတွက် Spectre တိုက်ခိုက်မှုကို ခံရတဲ့ Unit ရဲ့ 325 AoE အတွင်းမှာ Ally Unit တစ်ခုခု မရှိမှသာ Desolate ဖြစ်ပေါ်ပါလိမ့်မယ်။ Desolate ဟာ များများယူမယ်ဆိုရင် Damage ပမာဏတိုးလာမှာဖြစ်ပြီး အခြားမည်သည့်အကျိုးသတ်ရောက်မှုမှမရှိပေမယ့် 65 Pure Damage ဆိုတဲ့ပမာဏဟာ ကစားပွဲအလည်မှာ အလွန်များတဲ့ ပမာဏတစ်ခုဖြစ်တဲ့အတွက် ဒုတိယဦးစားပေးတင်ပေးရမယ့် Ability တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Desolate ဟာ Spectre ရဲ့ Ultimate Haunt ကနေဖြစ်ပေါ်လာမယ့် Illusion တွေမှာပါ တွဲဖက်သတ်ရောက်စေမှာဖြစ်လို့ Hp နည်းနည်းလေးနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ Enemy Hero တွေကို အလွယ်တကူ အဆုံးသတ်ချိန်စားနိုင်ဖို့အတွက် များများယူထားဖို့ အကြံပြုရခြင်းဖြစ်ပါတယ်။

Tank တစ်ကောင်လို့ပြောရလောက်အောင် Spectre ကို သာမန်ထက်ပိုမာတဲ့ Hero တစ်ကောင်လို့သတ်မှတ်စေတဲ့ Ability ကတော့ Dispersion ပဲဖြစ်ပါတယ်။ မိမိပေါ်ကိုကျရောက်လာမယ့် Physical, Magical, Pure Damage အစရှိတဲ့ မည်သည့် Damage အမျိုးအစားပဲဖြစ်ပါစေ၊ အဆိုပါ Damage ရဲ့ 22% ဟာ Sprectre ပေါ်ကို လုံးဝကျရောက်မှာမဟုတ်ဘဲ ဘေးပတ်လည် 1000 AoE အတွင်းမှာရှိတဲ့ Ally မဟုတ်တဲ့ Unit တွေအားလုံးဆီကို ပြန်လည် ကန်ထွက်သွားမှာဖြစ်ပါတယ်။ 1000 AoE ရှိပေမယ့် အဆိုပါ Reflect ပြန်သွားမယ့် Damage ဟာ 300 AoE အတွင်းက Unit တွေကိုသာ 22% အပြည့်အဝသတ်ရောက်မှာဖြစ်ပေမယ့် Range 300 နဲ့ 1000 ကြားအကွာအဝေးအတွက်ကတော့ ဝေးလေလျော့လေ ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပွဲနောက်ပိုင်း Item ရွေးချယ်မှုမှာ Heart ကိုဝယ်ယူပြီး Battle ကိုရှေ့ဆုံးမှ ဦးဆောင်တိုက်ခိုက်ခြင်းဖြင့် Spectre ရဲ့ Dispersion ကို Tank ပုံစံအတွက်အပြင် တိုက်စစ်အတွက်ပါ အကျိုးရှိစေခြင်းဖြစ်ပါတယ်။ Dispersion ကြောင့်ဖြစ်ပေါ်လာတဲ့ Reflect Damage ဟာ Blink Dagger ကဲ့သို့ Item မျိုးကို Disable မဖြစ်စေပါဘူး။

v6.82c Patch Changelogs မှာတော့ Spectre ရဲ့ Ultimate Haunt ကြောင့်ဖြစ့်ပေါ်လာတဲ့ Illusion တွေရဲ့ Damage Deal ကို 40% မှ 30% သို့ လျော့ချလိုက်ပါတယ်။ Damage Deal က 30% ဖြစ်သွားပေမယ့် Desolate ကြောင့်ရရှိမယ့် Pure Damage ကတော့ 20/35/50/65 Damage အတိုင်းအပြည့်အဝထိမှာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအစောပိုင်းမှာ Desolate ကိုများများယူထားမယ်ဆိုရင် Team Fight တစ်ခုကို အဆုံးသတ်ပေးတဲ့အချိန်မှာ အသုံးပြုပေးရမယ့် Haunt ဟာ ရန်သူတွေကို Pure Damage များများနဲ့ တိုက်ခိုက်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ v6.79 မှာတော့ Haunt ကို အသုံးပြုထားပြီး ရရှိလာမယ့် Illusion တွေဆီကို မိမိရဲ့ Spectre အစစ်ရောက်ရှိသွားစေမယ့် Reality ရဲ့ Cooldown ကို 0 second ကို လျော့ချပေးလိုက်တဲ့အတွက် Haunt အသုံးပြုထားတဲ့ ကြာချိန် 5/6/7 seconds အတွင်းမှာ မိမိစိတ်တိုင်းကျ Illusion တစ်ခုခြင်းဆီရဲ့ တည်နေရာကို ရွှေ့ပြောင်းနေရာယူလို့ရပါတယ်။ အဆိုပါ 7 seconds အတွင်းမှာ Spectre Illusion တွေရဲ့ တိုက်ခိုက်မှုခံရတဲ့ Enemy ဟာ ကုန်းအမြင့်ကို Blink ခုန်ရင်၊ သစ်ပင်ကြားဝင်ပြေးရင်၊ Invisible ဖြစ်သွားရင်တောင် Spectre ရဲ့ Illusion တွေဟာ Enemy Unit နောက်ကို Phase Effect နဲ့ လိုက်နေမှာဖြစ်ပါတယ်။ အဆိုပါ Illusion တွေဟာ Desolate ကို ရရှိနေပေမယ့် Dispersion တော့ ပါဝင်မှာမဟုတ်ပါဘူး။

Item

ကစားပွဲအစမှာ Item ရှာတာကို အထောက်အကူပြုဖို့နဲ့ Safe Farm အတွက် အနည်းငယ်အကျိးရှိစေဖို့ Damage တက်မယ့် Phase Boots ကို ရွေးချယ်ခြင်းအားဖြင့် Spectre ရဲ့ Item တည်ဆောက်မှုကို အကျိုးဖြစ်စေပါလိမ့်မယ်။ Spectre ဟာ Agility Grow ရော Damage ပါနည်းတဲ့ Hero ဖြစ်တာကြောင့် Phase Boots နဲ့ Poor Man Shield ဟာအလိုက်ဖက်ဆုံးအခြေခံ Item များဖြစ်ပါတယ်။ ကစားပွဲအခြေအနေအရ Spectre ရဲ့ Item Build ဟာ အပြောင်းအလဲရှိနိုင်ပါတယ်။ သင့်အသင်းသားတွေထဲမှာ သင့်ကိုစောင့်ရှောက်ပေးမယ့် Babysit Hero တစ်ကောင်ကောင်ပါနေပြီး သင်ကိုယ်တိုင်လည်း Farming လုပ်ဖို့ အခြေအနေပေးတယ်ဆိုရင် ဖိနပ်အပြီးမှာ Radiance ကို ဦးစားပေး ဆက်ခြင်းအားဖြင့် သင့်ရဲ့ Item Farm အားကို တိုးတက်စေမှာဖြစ်လို့ Inventory ၆ ကွက်ကို မြန်မြန်ပြည့်အောင် အထောက်အကူပေးပါလိမ့်မယ်။ Radiance အပြီးမှာတော့ Movement Speed နဲ့ Attack Speed ကို အထောက်အကူပြုမယ့် Yasha ကို ရွေးချယ်ခြင်းကလည်း ပွဲအခြေအနေကိုလိုက်ပြီး Sange and Yasha သို့မဟုတ် Manta Style ကို ရွေးချယ် အဆင့်မြင့်တင်နိုင်ပါတယ်။ ကစားပွဲအစကတည်းက Safe Farm မဖြစ်ပဲ Battle လိုက်ဝင်ပေးရတဲ့အခြေအနေမျိုးဆိုရင်တော့ Radiance အစား Diffusal Blade + Offering က ပိုမိုအကျိုးပြုပါလိမ့်မယ်။ Spectre ဟာ ကစားပွဲက သာမန်ပွဲကစားချိန် မိနစ် ၄ဝ ထက်ကျော်လွန်ခဲ့မယ်ဆိုရင်တော့ Travel, Radiance, Heart, Manta Style, Eye of Skadi, (Daedalus or Butterfly or Mjollnir) တို့ကို ရွေးချယ်နိုင်ပါတယ်။ ကစားပွဲသာမကြာမြင့်နိုင်ဘူးဆိုရင်တော့ Phase Boots, Vanguard, Offering, Sange and Yasha, Basher, Diffusal Blade အစရှိတဲ့ Normal Carry Item Build ကို ရွေးချယ်ခြင်းဖြင့် Spectre ကို ပုံမှန် Aggressive Carry ပုံစံအတိုင်း ကစားနိုင်မှာဖြစ်ပါတယ်။

Reality ရဲ့ Cooldown ဟာ 0 second ဖြစ်တဲ့အတွက် မိမိနေရာယူလိုက်တဲ့ Hero အခြေအနေပေါ်မူတည်ပြီး အခြား Hero တစ်ကောင်နားကို ပြန်လည်နေရာယူလို့ရတဲ့အချက်ကို မေ့မထားသင့်ပါဘူး။ Spectre ကဲ့သို့ Safe Farm ကို လိုအပ်တဲ့ Hardcore Carry တစ်ကောင်အနေနဲ့ မိမိကိုယ်ကို မသေအောင် များစွာဂရုပြုသင့်ပါတယ်။ ဒါကြောင့် မိမိအသင်း Team Fight တစ်ခုဖြစ်တိုင်း Ultimate Haunt ကိုအသုံးပြုပြီးသွားသင့်၊ မသွားသင့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့လိုအပ်ပြီး ဖြစ်နိုင်ရင် ကစားပွဲအစောပိုင်းမှာ မိမိကို ပြန်လည်တိုက်ခိုက်မယ့် တစ်ဖက်အသင်းရဲ့ Ability တွေ ကုန်မကုန် သေချာသုံးသပ်ပြီးမှ Reality ကို အသုံးပြုသင့်ပါတယ်။ သွေးနည်းနည်းနဲ့ လွတ်သွားမယ့် Hero တွေကို ချိန်စားဖို့နဲ့ အသာစီးရနေတဲ့ Team Fight အတွက်နဲ့ တစ်ဖက်အသင်း Hero တွေ မြေပုံမှာပျောက်နေလို့ သံသယ ရှိမိတာနဲ့တစ်ပြိုင်နက် Haunt ကို အသုံးပြုပေးသင့်ပါတယ်။ Spectre ရဲ့အဓိက တာဝန်ဟာ Item မြန်မြန်ရှာဖို့ဟာအဓိက လိုအပ်ချက်ဖြစ်လို့ ရှုံးဖို့များတဲ့၊ မိုက်မဲတဲ့ Team Fight မျိုးတွေကို လစ်လျှူရှူတတ်ဖို့လည်းလိုအပ်ပါတယ်။ သင့်ကိုယ်သင် မသေအောင် နေတတ်ခြင်းက သင့်အသင်းအတွက် အဓိက ကျတဲ့ အထောက်အကူဖြစ်လာမှာဖြစ်လို့ Ultimate Haunt ကို အသုံးပြုတဲ့အခါမှာ တစ်ကိုယ်ကောင်းဆန်စွာ အသုံးပြုပေးသင့်ပါတယ်။

ကိုတေဇာ

No comments:

Post a Comment