Shallow Grave LeveL (2)
Mana 140/130/120/110
Cooldown 60/45/30/15
Duration 5
Range 550/700/850/1000
Dazzle ရဲ့ Trademark Ability တစ်ခုဖြစ်တဲ့ Shallow Grave ဟာ DotA Hero တွေထဲမှာ ဘယ်သူနဲ့မှ မတူနိုင်တဲ့ Ally တွေကိုသာ သုံးပေးလို့ရတဲ့ Positive Buff တစ်ခုဖြစ်ပါတယ်။ အသုံးပြုပေးထားတဲ့ Ally Hero Unit ကို လာမယ့် ၅ စက္ကန့်အတွင်းမှာ 1 Hp ထက် ပိုပြီး လျော့မသွားအောင် ကာကွယ်ပေးပါတယ်။ မည်မျှပင် Damage ပမာဏများပြားတဲ့ တိုက်ခိုက်မှုမျိုးကြောင့် Hero တစ်ကောင်က သေခဲ့ရမယ်ဆိုရင်တောင် မသေစေပဲ 1 Hp အနည်းဆုံး ကျန်နေမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုပေးမယ့် Target ရဲ့ Hp ပမာဏကို ကြည့်ပြီး အသုံးပြုပေးမှသာ Shallow Grave ရဲ့ Duration ၅ စက္ကန့်ကို ပြည့်ပြည့်ဝဝ အကျိုးရှိစေမှာဖြစ်ပါတယ်။ အဆင့်မြှင့်တင်သွားတဲ့အခါမှာ သူ့ရဲ့ကြာချိန် ၅ စက္ကန့် ကို တိုးသွားခြင်းမရှိပေမယ့် Manacost နဲ့ Cooldown ကို လျော့သွားစေမယ့် အပြင် အဓိက ကျတဲ့ Cast Range ကိုလည်း တိုးလာစေမှာဖြစ်ပါတယ်။
ပထမဆုံးအဆင့်မှာ Cast Range 550 ပဲ ရှိတဲ့အတွက် မိမိနဲ့ အနည်းငယ်ဝေးတဲ့ Ally ကို အချိန်ကွက်တိကျအောင် သုံးပေးဖို့ အနည်းငယ်ခက်ခဲပါတယ်။ ဒါကြောင့် Professional ကစားပွဲတွေမှာ Dazzle Player တွေဟာ Poison Touch အစား Shallow Grave ကို ဦးစားပေးယူရခြင်းဖြစ်ပါတယ်။ ယေဘုယအားဖြင့် အများစုသော Positive Buff များနဲ့ Negative Buff များကို Diffusal Blade ရဲ့ Purge အသုံးပြုပြီး ပယ်ဖျက်ပစ်လို့ရပေမယ့် Shallow Grave ကိုတော့ Diffusal ကျဉ်ပြီး ဖျက်လို့ မရတဲ့ အားသာချက်တစ်ခုရှိပါတယ်။
Axe ရဲ့ Culling Blade ဟာ အသုံးပြုခံရတဲ့ Hero ရဲ့ Hp က သတ်မှတ်ထားတဲ့ Hp ပမာဏအောက်ကို ရောက်သွားလို့ killing blow တစ်ခုဖြစ်ပေါ်ပြီဆိုတာနဲ့ အဆိုပါ အတိုက်ခိုက်ခံရတဲ့ unit မှာရှိသမျှ Positive Buff တွေ အကုန်လုံးကို အရင်ဆုံးပယ်ဖျက်လိုက်ပြီးမှ Killing blow Damage ကို သတ်ရောက်တာဖြစ်လို့ Shallow Grave ဟာ ချွင်းချက်အနေနဲ့ Culling Blade ကို ကာကွယ်နိုင်ခြင်းမရှိပါဘူး။ နောက်ထပ် Killing Blow Ability တစ်ခုဖြစ်တဲ့ Ancient Apparition ရဲ့ Ultimate Ice Blast ကိုတော့ Shallow Grave နဲ့ ကာကွယ်နိုင်ပါတယ်။ Shallow Grave ဟာ ၅ စက္ကန့်တိတိ ကာကွယ်ပေးတာဖြစ်တဲ့အတွက် ၅ စက္ကန့်ကြာပြီးတဲ့အချိန်အထိ Ice Blast ရဲ့ Negative Buff ရှိနေဦးမယ်ဆိုရင်တော့ Shatter Damage (Killing Blow) သတ်ရောက်မှာဖြစ်ပါတယ်။
မိမိကိုယ်ကို Suicide လုပ်လို့ရတဲ့ Mist Coil (Abaddon), Rot (Pudge) နဲ့ Bloodrage (Bloodseeker) တို့ကဲ့သို့ Ability များကို Shallow Grave အသုံးပြုပြီး မသေအောင် ကာကွယ်ပေးနိုင်စွမ်းရှိပေမယ့် TI4 အပြီးမှာ Dota 2 ထဲပါဝင်လာမယ့် Goblin Techies ရဲ့ Suicide Squad, Attack! နဲ့ Bloodstone မှာပါဝင်လာတဲ့ Pocket Suicide တို့ကိုတော့ မသေအောင် ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။
ကိုတေဇာ
No comments:
Post a Comment