Foreseer's Contract Update နဲ့အတူ ပေါ်ထွက်လာခဲ့တဲ့ Nerif The Oracle ဆိုတဲ့ Hero အသစ်ဟာ DotA 1 မှာ
နောက်ဆုံးထွက်ခဲ့တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Dota 2 ခေတ်အကူးအပြောင်းမှာ ပေါ်လာတဲ့ Hero ဖြစ်တဲ့အလျောက် ကစားသမားအများစုနဲ့ ရင်နှီးကျွမ်းဝင်မှုမရှိတဲ့ Oracle ဟာ နောက်မှထွက်တဲ့ Hero တွေရဲ့ ထုံးစံအတိုင်း ထူးခြားပြီး Overpower ဖြစ်နေတဲ့ Ability တွေနဲ့ ဖွဲ့စည်းထားတဲ့ Intelligence Hero တစ်ကောင်ဖြစ်ပါတယ်။ Intelligence Hero ဖြစ်တာနဲ့အညီ Support Role အနေနဲ့ ကစားရပေမယ့် Nuker ပုံစံနဲ့ပါ ဆော့နိုင်တဲ့ Ability တွေအပြင် ရှိတဲ့ Ability ၄ ခု စလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတဲ့အတွက် အရင် Hero တွေထက် ကိုင်တွယ်ရာမှာ မရိုးရှင်းတဲ့ Oracle ဟာ The Nemesis Assassin Event နဲ့အတူ ပွဲတိုင်းနီးပါး မြင်တွေ့နေရတဲ့ Hero တစ်ကောင်ဖြစ်နေခဲ့ပါတယ်။
Lion, Faceless Void, Dragon Knight စတဲ့ စီနီယာ Hero ကြီးများဟာ အလွန်ရိုးရှင်းတဲ့ Ability များနဲ့ဖွဲ့စည်းထားပေမယ့် Invoker, Ancient Apparition, Elder Titan ကဲ့သို့ နောက်ထွက် Hero တွေရဲ့ ability တွေဟာ သာမန်ထက်ထူးခြားလေ့ရှိသည့်အတိုင်းပင် Oracle ဟာလည်း နောက်ဆုံးထွက် Hero တစ်ကောင်ဖြစ်တာနဲ့အညီ Ability ၄ ခုစလုံးကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားပြီး အသုံးပြုပေးနိုင်လေလေ အဖက်ဖက်ကနေ အသုံးဝင်လေလေပဲဖြစ်ပါတယ်။ ဒါပေမယ့် အစီအစဉ်မကျခြင်း၊ Target မှားယွင်းအသုံးပြုမိခြင်းတို့ကြောင့် အကျိုးယုတ်စေနိုင်တဲ့အတွက် သေချာချင့်ချိန်ပြီး အသုံးပြုပေးဖို့လိုပါတယ်။ AoE Damage, AoE Stop အပြင် Buff အချို့ကိုပါ ပယ်ဖျက်ပေးနိုင်တဲ့ Fortune’s End, Unit တစ်ခုပေါ်ကို Disarm, Physical Amplification နဲ့ Total Magic Resistance ၃ မျိုးစလုံး တစ်ပြိုင်နက်ရစေမယ့် Fade Addict, Nuke Damage နဲ့ Heal ကို တွဲဖက်သက်ရောက်စေမယ့် Purifying Flame နဲ့ Ally Unit တစ်ခုကို Invisible, Dispel နဲ့ Damage Delay ဖြင့် ကာကွယ်ပေးနိုင်မယ့် Ultimate False Promise တို့နဲ့ ဖွဲ့စည်းထားတဲ့ Oracle ဟာ Dota မှာ ရှိသမျှ Buff အားလုံးကို ထည့်သွင်းရေးဆွဲထားတဲ့ Intelligence Hero တစ်ကောင်ဖြစ်ပါတယ်။
Fortune’s End
Dota 2 က Fortune’s End က Dota 1 တုန်းကနဲ့ မတူပဲ 1200 Speed ပစ်လွှတ်လိုက်မယ့် Projectile ပါဝင်လာပါတယ်။ Oracle က တိုက်ခိုက်မယ့် Target ကို 2.5 seconds အထိ Channelling လုပ်ထားနိုင်ပြီး များများ Channel လေ၊ Target ကို ကြာကြာ Stop လေ ဖြစ်စေမှာပါ။ အနည်းဆုံး 0.5 second ကနေ အများဆုံး 2.5 seconds ထိ target ကို Stop ထားနိုင်မှာဖြစ်ပြီး Fortune’s End ထိသွားတဲ့ 215 AoE အတွင်းက Enemy Unit တွေအားလုံးကိုပါ 0 Movement Speed ဖြစ်သွားစေမှာပါ။ (Alchemist ရဲ့ Unstable Concoction နဲ့ ဆင်တူပါတယ်။ အားနည်းချက်ကတော့ Fortune’s End ကို အသုံးပြုဖို့အတွက် Oracle က လမ်းမလျှောက်ဘဲ ရပ်တန့်ထားဖို့လိုပြီး အားသာချက်ကတော့ Fortune’s End AoE အတွင်းမှာရှိတဲ့ Enemy တွေရဲ့ Positive Buff တွေကို ရပ်တန့်သွားစေပါတယ်။ အဆိုပါ Positive Buff တွေထဲမှာ Omniknight ရဲ့ Repel နဲ့ Cyclone လို Item မျိုးအထိပါဝင်တဲ့အတွက် Fortune’s End နဲ့ ချိန်တွယ်ခံရတဲ့ Unit ဟာ အချိန်ကိုက် Blink ၊ Bkb တို့ဖြင့်သာ ရှောင်တိမ်းနိုင်မှသာ လွတ်မြောက်မှာဖြစ်ပါတယ်။ အခြားသော Hidden Ability များဖြစ်တဲ့ Astral Imprisonment, Disruption တို့နဲ့ ရှောင်တိမ်းခဲ့မယ်ဆိုရင်တောင် AoE 215 အတွင်းက Unit တွေကတော့ Fortune’s End ဆက်လက် သက်ရောက်ခံရစေမှာပါ။ Positive Buff တွေကို ဖျက်ပေးတဲ့ Fortune’s End ဟာ Oracle ရဲ့ အခြား Ability တစ်ခုဖြစ်တဲ့ Purifying Flame နဲ့ တွဲဖက်အသုံးပြုခြင်းဖြင့် အသုံးတည့်တဲ့ Nuke Ability အတွဲကို ဖြစ်ပေါ်စေပါတယ်။
Fade Addict
Ally ရော Enemy ပါ အသုံးပြုလို့ရတဲ့ Fade Addict ဟာ ကစားပွဲတစ်ခုရဲ့ အလှည့်အပြောင်းကို များစွာဖြစ်ပေါ်စေနိုင်တဲ့ Target Ability တစ်ခုဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Unit ဟာ 100% Magic Resistance, Disarm နဲ့ 50% Amplification စတဲ့ Buff ၃ခုကို တစ်ပြိုင်နက်တည်း ရရှိစေမှာဖြစ်တဲ့အတွက် စိတ်ချရတဲ့အခြေအနေမဟုတ်ရင် သုံးဖို့ ချင့်ချိန်သင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ 100% Magic Resistance ဟာ Magic Damage တွေကို ကာကွယ်ပေးတာဖြစ်ပေမယ့် Stun, Slow, Stop စတဲ့ Negative Buff တွေကတော့ ပုံမှန်အတိုင်း သက်ရောက်စေမှာပါ။ ဒါကြောင့် တစ်ဖက်အသင်းရဲ့ Hitter တစ်ကောင်ကို မိမိအသင်းရဲ့ Hitter က ဦးတည်တိုက်ခိုက်တဲ့အခါ၊ အသုံးပြုစရာ Spell တွေကုန်ပြီး ကျိန်းသေပေါက် Physical တိုက်ခိုက်ရမယ့် အခြေအနေမျိုးမှသာ Enemy Hero ကို အသုံးပြုသင့်ပြီး မိမိ Ally တစ်ယောက်ယောက်ကို အဝေးသုံး Ability တွေဖြစ်တဲ့ Thundergod’s Wrath, Wrath of Nature, Powershot အစရှိတဲ့ Nuke Ability များကိုကာကွယ်ပေးဖို့အတွက် Ally အပေါ်ကို အသုံးပြုပေးနိုင်ပါတယ်။ Fade Addict ဟာ Buff တစ်မျိုးဖြစ်ပေမယ့် Diffusal Blade, Press The Attack, Aphotic Shield အစရှိတဲ့ Buff ဖြည်တဲ့ Ability တွေနဲ့ ဖျက်လို့မရပါဘူး။ Oracle ရဲ့ Fortune’s End တစ်မျိုးတည်းသာ Fade Addict ကို ပြန်လည်ဖျက်လို့ရပြီး Purifying Flame နဲ့ တွဲဖက်သုံးမယ်ဆိုရင်တော့ အကောင်းဆုံး Healer တစ်ကောင်အဖြစ်မြင်တွေ့ရစေမှာဖြစ်ပါတယ်။
Purifying Flame
ပထမဦးဆုံး Damage သတ်ရောက်ပြီး နောက်ထပ် 9 seconds ဆက်တိုက် Heal စေမယ့် Purifying Flame ဟာလည်း Ally ကိုရော Enemy ပါ အသုံးပြုနိုင်တဲ့ Target Ability တစ်ခုဖြစ်ပါတယ်။ Ally တစ်ကောင်အပေါ်သုံး အသုံးပြုတဲ့ Purifying Flame ရဲ့ Damage သတ်ရောက်မှုကြောင့် သေလောက်တဲ့အခြေအနေထိဖြစ်စေခဲ့ရင်တောင် 1 Hp ကျန်မှာဖြစ်ပြီး ကျန်တဲ့ 9 seconds မှာ သွေးပြန်ပြည့်စေမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ 300 Damage နဲ့ 1 second ကို 44Hp နှုန်းသွေးပြည့်စေမှာဖြစ်လို့ 100 Mana တည်းနဲ့ Ally တစ်ကောင်ကို 396 Hp Heal စေနိုင်မယ့်အပြင် 3 seconds သာ Cooldown ရှိတဲ့အတွက်ကြောင့် ဆက်ကာဆက်ကာ အသုံးပြုနိုင်တဲ့ Ability ဖြစ်ပါတယ်။ အဆိုပါ Heal ဟာ တစ်ခုပြီးတစ်ခု အသုံးပြုခြင်းဖြင့် တွဲဖက်သက်ရောက်နိုင်တဲ့အတွက်ကြောင့် Ally Unit တစ်ခုကိုဆက်တိုက်သုံးပေးခြင်းဖြင့် ပွဲအစောပိုင်းမှာ Fountain ကို ပြန်စရာမလိုလောက်အောင် Lane Support ပေးနိုင်သလို Enemy ကို တိုက်ခိုက်ဖို့လည်း အထောက်အကူဖြစ်စေမယ့် Nuke Ability တစ်ခုဖြစ်ပါတယ်။ Purifying Flame ဟာ Oracle ရဲ့ ကျန်တဲ့ Ability ၃ ခုစလုံးနဲ့ တွဲဖက်ပြီးအသုံးပြုလို့ကောင်းတဲ့ Ability တစ်ခုဖြစ်တဲ့အတွက် အစောဆုံး ဂိတ်ဆုံးယူသင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။
False Promise
Ultimate False Promise ကတော့ Ally တွေကိုသာ အသုံးပြုလို့ရတဲ့ Cooldown နည်းတဲ့ Support Ability တစ်ခုဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Hero ဟာ Invisible ဖြစ်သွားမှာဖြစ်ပြီး Ability သုံးခြင်း၊ Physical Attack ဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့် ကိုယ်ပြန်ပေါ်လာမှာမဟုတ်ပါဘူး။ ပုံမှန်အတိုင်း Sentry Ward, Dust နဲ့ Gem of Truesight ကဲ့သို့ Invisible ကို မြင်ရစေတဲ့ Item များကြောင့် ပုံမှန်အတိုင်းမြင်ရမှာဖြစ်ပေမယ့် False Promise Duration အတွင်းမှာ အတိုက်ခိုက်ခံရသမျှ Damage အားလုံးကို ခေတ္တဆိုင်းထားပေးမှာဖြစ်ပါတယ်။ Duration ကုန်သွားမှသာ အတိုက်ခိုက်ခံခဲ့ရသမျှ Damage အားလုံးဟာ တစ်ပြိုင်နက်တည်း စုပြုံသက်ရောက်မှာဖြစ်ပြီး အဆိုပါ Damage အားလုံးပေါင်းက မိမိ Hp ထက်ပိုများနေခဲ့မယ်ဆိုရင်တော့ Hero ဟာ ချက်ချင်း သေသွားမှာပါ။ ဒါပေမယ့် False Promise ရဲ့ အဓိက အားသားချက် ၂ ခုရှိပါတယ်။ ပထမ ခုကတော့ အဆိုပါ Duration အတွင်းမှာ Heal ခံရသမျှ Regeneration အားလုံးဟာ Damage လိုပဲ ဆိုင်းထားမှာဖြစ်ပြီး Duration ကုန်သွားချိန်မှာ Heal ခဲ့သမျှပမာဏရဲ့ ၂ ဆနှုန်း သွေးပြည့်စေမှာပါ။ ဥပမာ Flase Promise အသုံးပြုထားတဲ့ Unit ကို Mekansm အသုံးပြုပေးပါက ပုံမှန်အတိုင်း 250 Hp ဟာ ချက်ချင်းပြည့်စေမှာမဟုတ်ဘဲ False Promise Duration ပြီးသွားချိန်မှာ 500 Hp ကို Heal စေမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ Ally Hero ကို False Promise အသုံးပြုပေးပြီးပြီဆိုရင်တော့ တက်နိုင်သလောက်သူ့ကို Heal နိုင်သမျှ Heal ပေးခြင်းက သင့် Ally ကို အသက်ရှည်စေမှာပါ။ နောက်တစ်ချက်ကတော့ Ally Hero အပေါ်မှာ သက်ရောက်နေတဲ့ Negative Buff (Stun, Slow, Hex,.. ) တွေကို False Promise အသုံးပြုပေးခြင်းဖြင့် ချက်ချင်း ပယ်ဖျက်ပေးနိုင်တဲ့ အချက်ဖြစ်ပါတယ်။
Items and Overview
Nuker တစ်ကောင်အဖြစ်ဆော့မယ်ဆိုရင်တော့ Dagon ကဲ့သို့ Damage Burst item မျိုးထည့်ပြီးဆော့ခြင်းဖြင့် တစ်ဖက်အသင်းရဲ့ သွေးနည်းတဲ့ Hero တစ်ကောင်ကို အမြန်ဖျောက်ပစ်လို့ရပါတယ်။ စောစောစီးစီးသာ Dagon ရရှိခဲ့မယ်ဆိုရင် Fortune’s End + Purifying Flame + Dagon = 300 + 360 + 400 = 1060 Magical Damage ဖြင့် Hero တစ်ကောင်ကို စက္ကန့်ပိုင်းအတွင်း အသေသတ်နိုင်မှာဖြစ်ပါတယ်။ တစ်ဖက်အသင်း Hero ကို Purifying Flame အသုံးပြုလို့ မသေခဲ့ဘူးဆိုရင် အဆိုပါ Hero က Heal တွေနဲ့ သွေးပြန်ပြည့်လာမှာဖြစ်ပါတယ်။ Fortune’s End အသုံးပြုပေးခြင်းဖြင့် အဆိုပါ Enemy ရဲ့ Purifying Flame Heal ကို ဖျက်နိုင်မှာဖြစ်တဲ့အတွက် Combo သုံးတဲ့အခါမှာ Fortune’s End ကို နောက်ဆုံးမှာ သုံးပေးသင့်ပါတယ်။ Fortune’s End ဟာ 1200 Speed Projectile ဖြစ်တဲ့အတွက် Enemy ကိုထောက်ကာ Channelling လုပ်ပြီး 2.5 seconds မပြည့်ခင်မှာ Purifying Flame ကို အသုံးပြုပေးခြင်းဖြင့်လည်း Enemy ကို အပြည့်အဝ Stop စေမယ့်အပြင် Cast Time ပိုမြန်တဲ့ Purifying Flame ရဲ့ Healing Buff ကိုလည်း တစ်ခါတည်းပျက်သွားစေမှာဖြစ်ပါတယ်။
Fade Addict ဟာ 100% Magic Resistance ကိုရရှိစေတဲ့အတွက် သွေးနည်းနေတဲ့ မိမိ Ally ကို Purifying Flame နဲ့ သွေးဖြည့် မပေးခင်မှာ Fade Addict အသုံးပြုပေးထားခြင်းဖြင့် 300 Damage မသက်ရောက်စေတော့ဘဲ Heal Only သာ ဖြစ်စေမှာပါ။ Fade Addict ၂ ဆင့်ယူထားခြင်းအားဖြင့် 4 seconds Duration ကြာတဲ့အတွက် Ally ကို သွေးဖြည့်ပေးရာမှာ 3 seconds Cooldown သာရှိတဲ့ Purifying Flame ကို ၂ ခါသုံးနိုင်မှာဖြစ်ပြီး စုစုပေါင်း 250 Mana တည်းနဲ့ 800 Hp နီးပါးကို သွေးဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။
Oracle Support တစ်ကောင်ကဲ့သို့ ဆော့ကစားမယ်ဆိုရင်တော့ Purifying Flame ပြီးတာနဲ့ Fade Addict ကို ဆုံးအောင်ယူသင့်ပါတယ်။ Fade Addict အသုံးပြုခံရတဲ့ Unit ဟာ Disarm ဖြစ်သွားမှာဖြစ်လို့ Mortred, Drow Ranger, Troll Warlord ကဲ့သို့ Physical အားကိုးပြီးတိုက်ခိုက်ရတဲ့ Carry တွေကို Counter လုပ်တဲ့နေရာမှာ အသုံးပြုနိုင်သလို Physical Damage သာ အဓိက အသုံးပြုတတ်တဲ့ Roshan ကို အသုံးပြုပေးထားခြင်းဖြင့် 50% Damage Amplification ကိုပါ ရရှိစေတဲ့အတွက် အစောပိုင်းမှာ Roshan ကို လွယ်လွယ်သတ်နိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ Ally Hero တစ်ကောင်ကို False Promise + Fade Addict + Purifying Flame + Purifying Flame အသုံးပြုပေးခြင်းက Damage မသတ်ရောက်တဲ့ Double Healing ကို ရရှိစေမှာဖြစ်တဲ့အတွက် များစွာထိရောက်သော Healing ကို ပေးပါလိမ့်မယ်။
False Promise ဟာ Battle တစ်ခုကို အစပြုတဲ့ Hero ကို Damage Delay 9 seconds အထိ ဆိုင်းထားပေးမှာဖြစ်တဲ့အတွက် ပွဲနောက်ပိုင်း Gem တွေပါလာသည့်တိုင်အောင် အသုံးတည့်သော Ultimate ဖြစ်ပါတယ်။ Double Healing ကိုပါ ရရှိစေမှာဖြစ်တဲ့အတွက် Support Role Oracle အတွက် Mekansm, Urn of Shadow တို့ဟာ ရွေးချယ်သင့်တဲ့ Item တွေဖြစ်ပြီး Warlock, Chen, Legion Commander ကဲ့သို့သော Healing ပါဝင်တဲ့ Hero တွေနဲ့ တွဲသုံးခြင်းဖြင့် False Promise ရဲ့ အကျိုးသက်ရောက်မှုကို ပိုမိုထိရောက်စေမှာဖြစ်ပါတယ်။
Oracle ဟာ အခြားသော Intelligence Hero တွေလိုမျိုး Mana Capacity များများ မလိုအပ်တဲ့အတွက် Mana ပမာဏများတဲ့ Item တွေအစား Mana Regen ကောင်းကောင်းရစေမယ့် Orchid, Cyclone ကဲ့သို့ Item များနဲ့လိုက်ဖက်ပြီး အသင်းအတွက်အကျိုးရှိမယ့် Scythe of Vyse, Rod of Atos တို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Nerif The Oracle ဟာ ပုံမှန်လမ်းကြောင်းကနေ ကွဲထွက်နေတဲ့ Hero တစ်ကောင်ဖြစ်တဲ့အတွက် မိမိ အသုံးပြုမယ့် Ability အတွဲဟာ Enemy ကိုတိုက်ခိုက်ဖို့တစ်မျိုးတည်းမဟုတ်ဘဲ Ally အတွက်အသုံးပြုပြီးအကျိုးရှိနိုင်သောကြောင့် Lane Support, Support, Nuker အစရှိတဲ့ Role အမျိုးမျိုးနဲ့ကစားနိုင်တဲ့ Hero အသစ်တစ်ကောင်ပဲဖြစ်ပါတယ်။
ကိုတေဇာ
No comments:
Post a Comment