Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, December 10, 2014

The Mirana Arrow အကြောင်း


MIRANA ရဲ့ Sacred Arrow ဟာ 857 Speed ရှိပါတယ်။

ဥပမာ သင့်ရဲ့ 600 Range အကွာအဝေးကနေ လာနေတဲ့ Arrow ဟာ သင့်ဆီ ရောက်ဖို့
0.7 second ခန့် ကြာမြင့်ပါလိမ့်မယ်။ 
ဒါကြောင့် သင့်ဆီ တည့်တည့်လာနေတဲ့ မြှားထိပ် 115 AoE ကို လွတ်အောင် ရှောင်နိုင်ဖို့ 0.3 second အတွင်းမှာ
115 Distance ကို ရောက်အောင် သွားနိုင်ရင်
လွတ်လွတ်ကျွတ်ကျွတ်ရှောင်ရှား နိုင်မှာပါ။
ဖိနပ်မပါဘဲ ယေဘုယျ 300 Movement Speed ရှိတဲ့ Hero တစ်ကောင်အနေနဲ့ 115 AoE မြှားကို လွတ်ဖို့
ပုံမှာပြထားတဲ့အတိုင်း မြှားလမ်းကြောင်းရဲ့ 90 Degree ကို Right Click နှိပ်ပြီး Move ပေးခြင်းက
0.26 second မှာ 115 Distance ကို ရောက်စေနိုင်တဲ့အတွက်
သင့်ကို မြှား ထိခြင်းကနေ လွတ်အောင် အထောက်အကူပြုပါလိမ့်မယ်။

မြားလာရင် လူတိုင်းဘေးကို လွတ်အောင်ပြေးကြပေမယ့် 90 degree အတိုင်းပြေးဖို့ အကြံပြုခြင်းဖြစ်ပါတယ်။
အကြောင်းက 600 Range အကွာကနေ မြားလာတဲ့လမ်းကြောင်းအတိုင်း 45 degree ပြေးတယ်ဆိုရင် 115 AoE ကို လွတ်ဖို့အတွက် ထောင့်မှန် တြိဂံတွက်ချက်ပုံအရ
115 * root 2 = 230 distance ကို ရောက်အောင် သွားဖို့လိုအပ်တဲ့အတွက်
0.501 second အကြာ သွားဖို့လိုပါလိမ့်မယ်။
ဒီအချိန်ကာလဟာ သင့်ကို မြားထိလောက်မယ့် အချိန်နဲ့ နီးကပ်သွားစေမှာပါ။
တကယ်လို့ 60 degree အတိုင်းပြေးတယ်ဆိုရင်လည်း 600 range အကွာမှာ 115 AoE ကို လွတ်ဖို့အတွက် (115/tan60) = 359.3 distance ကိုသွားရမှာ ဖြစ်တဲ့အတွက်
0.322 second ကြာအောင် သွားရမှာဖြစ်ပါတယ်။
ဒါကြောင့် ဘေးကို ပြေးတာချင်းအတူတူ 90 degree အတိုင်းသွားဖို့ အကြံပြုရခြင်းဖြစ်ပါတယ်။

သင်သွားနေတဲ့ လမ်းကြောင်းကို ကြိုပြီး ပစ်လွှတ်ထားတဲ့ Arrow ကို ရှောင်တဲ့နေရာမှာလည်း အထက်ပါအတိုင်း Arrow လမ်းကြောင်းရဲ့ 90 degree ကို Move ပေး နိုင်ပါတယ်။

မြားလမ်းကြောင်းကို မြင်ရတဲ့အခြေအနေမှာ အသုံးပြုနိုင်သလို
ချောင်းမြောင်းပစ်ခံခဲ့ရရင်တောင် မြားလမ်းကြောင်းရဲ့
90 degree အတိုင်း Move ပေးခြင်းက
သင့်ကို မြားထိမယ့် ရန်ကနေ လျော့ချပေးပါလိမ့်မယ်။

ကိုတေဇာ

No comments:

Post a Comment