တစ်ဖက်အသင်းမှာ Tank Hero တစ်ကောင်ကောင် ပါလာခဲ့မယ်ဆိုရင် အဆိုပါ Tank ကို ဖြိုဖို့အတွက် Spell Caster တွေကိုပဲ နောက်ပိုင်းအထိ အားကိုးလို့ မရတာ အသေအချာပါပဲ။ Slardar ကဲ့သို့ တိုက်ရိုက် Armor လျော့ပြီး Hero တစ်ကောင်ကို ပျော့သွားအောင်လုပ်လို့ မရပေမယ့် သွယ်ဝိုက်သောနည်းနဲ့ Tank တွေ သာမက Carry များအပြင် Spell Caster Support တွေကိုပါ ကစားပွဲအစ၊ အလယ်၊ အဆုံးထိ flaxeble ကျကျ Counter Pick အဖြစ် ရွေးချယ်တိုက်ခိုက်နိုင်တဲ့ Melee Agility Hero တစ်ကောင်ကတော့ Slark the Nightcrawler ပဲ ဖြစ်ပါတယ်။ Hard Carry Agility Hero များဖြစ်တဲ့ Anti-Mage, Spectre, Phantom Lancer တို့လို ပွဲအစောပိုင်းမှာ မဖြစ်မနေ Farm စရာ မလိုပဲ Ganker တစ်ကောင်လို ဆော့လို့ရတဲ့အပြင် Hard Carry Hero တစ်ကောင်လို့ ပြောလို့မရပေမယ့် Carry Role အနေနဲ့လည်း ပြောင်းလဲ ကစားနိုင်စေမယ့် Ability များစွာကို Slark က ပိုင်ဆိုင်ထားပါတယ်။ Escpae Ability ၂ ခု, Massive Dps Ability ၁ ခု နဲ့ Hitter Ability တစ်ခုတို့ဖြင့် ဖွဲ့စည်းထားတဲ့ Slark ဟာ မိမိကိုယ်ကို အားကိုးပြီး Solo MMR တင်ချင်တဲ့ ကစားသမားတွေရွေးချယ်အသုံးပြုနိုင်တဲ့ Hero တွေထဲက တစ်ကောင်ဖြစ်ပါတယ်။
overview
Slark ရဲ့ Ability တွေဟာ အခြား Hard Carry တွေနဲ့မတူပဲ မြန်မြန် lvl တက်လေလေ၊ များများ အကျိုးရှိလေလေဖြစ်တဲ့အတွက် Ganker တစ်ကောင် အနေနဲ့ Captain Mode တွေမှာပါ တွေ့ရစေတဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။ Mid Lane မှာ Slark ကို ကစားစေခြင်းဖြင့် သူ့ရဲ့ Damage Ability များကို အဆင့် မြန်မြန် တင်နိုင်ခြင်းက Mid Game မတိုင်ခင် Ganking များကို အကျိုးရှိစေနိုင်သလို Side Lane ကစားခြင်းအားဖြင့်လည်း Slark ကို အကျိုးမယုတ်စေနိုင်ပါဘူး။ Negative Buff များကို အလွယ်တကူ ဖြတ်ပစ်နိုင်ယုံမကပဲ တစ်ဖက် hero ရဲ့ ချွင်းချက် Ability များကို ပျက်စေပြီး Massive Damage ပေးနိုင်တဲ့ Dark Pact, ရန်သူကို ထွက်မပြေးနိုင်အောင် ဖမ်းထားနိုင်ပြီး Escape အတွက်အသုံးပြုနိုင်ယုံမကပဲ အသင့်အတင့်ထက်ပိုတဲ့ Damage ပမာဏကိုပါ ပေးတဲ့ Pounce, မိမိအသင်းအတွက် စိတ်ပျက်စရာ Team Fight တစ်ခုဖြစ်လာစေမယ့် တစ်ဖက်အသင်းက Tank, Hard Carry များအနေနဲ့ ယှဉ်မခုတ်ရဲလောက်အောင် Counter လုပ်ပေးနိုင်စေမယ့် Essence Shift နဲ့ Dota ထဲမှာ ရှိသမျှ Hero တွေထက် သာလွန်ပြီး Over Power ဖြစ်တယ်လို့ ပြောလို့ရလောက်အောင် Fountain မှာထက် ပိုမိုမြန်ဆန်သော Hp Regen ကို ပေးယုံသာမကဘဲ Faceless Void ရဲ့ Chronosphere ကလွဲရင် ကျန်တဲ့ မည်သည့် နည်းလမ်းနဲ့မှ Slark ကို မမြင်ရအောင် ဖုံးကွယ်ပေးထားမယ့် Shadow Dance တို့နဲ့ ဖွဲ့စည်းပေးထားတဲ့ Slark ဟာ Public Match တွေမှာ မိမိရဲ့ Support တွေကို မယုံကြည်တဲ့, မိမိကိုယ်ကို အားကိုးတဲ့ ကစားသမားတွေအတွက် သင့်တော်ယုံမကဘဲ Team Fight တွေနဲ့ တိုက်ခိုက်ကြမယ့် Captain Mode Match တွေအထိပါ အသုံးတည့်စေမယ့် Flaxeble အကျဆုံး Melee Ganker Carry Hero တစ်ကောင်ပဲဖြစ်ပါတယ်။
Abilities
Cooldown နည်းပြီး ပုံမှန် Magic Damage တွေမှာ ရှိတဲ့ Damage ပမာဏအတိုင်း တိုက်ခိုက်နိုင်မယ့် Dark Pact ကို အသုံးပြုဖို့ 55/ 50/ 45/ 40 ဆိုတဲ့ Mana Cost အနည်းအကျဉ်းနဲ့ Health Cost အနည်းငယ်တော့ ထပ်မံအသုံးပြုပေးရပါမယ်။ ဒါပေမယ့် အဆိုပါ Health Cost ဟာ Dark Pact ကနေ ထွက်ပေါ်လာမယ့် Damage ရဲ့ တစ်ဝက်တိတိသာ ကုန်ကျမှာဖြစ်လို့ 37.5/ 75/ 112.5/ 150 Damage ခန့် မိမိကိုယ်ကိုယ် အရင်ဆုံး ပြန်ထိမှာဖြစ်ပါတယ်။ အသုံးပြုပြီး 1.5 seconds အကြာမှာ Slark ရဲ့ AoE 325 အတွင်း ဆယ်ပုံတစ်ပုံသော Damage ပမာဏစီဟာ 0.1 second မှာ တစ်ကြိမ်နှုန်းနဲ့ 1 second မှာ ၁ဝ ကြိမ်နှုန်း ဖျာထွက်သွားမှာဖြစ်ပြီး ဥပမာ အနေနဲ့ Dark Pact ၄ ဆင့်ယူထားပြီးချိန်မှာ အသုံးပြုခဲ့ရင် 0.1 second မှာ 30 Damage နှုန်းနဲ့ ၁ဝကြိမ် စုစုပေါင်း 300 Damage ကို 1 second အတွင်းမှာ ဖျာထွက်သွားမှာဖြစ်ပါတယ်။ Dark Pact ရဲ့ အဓိက အကျဆုံးအပိုင်ဖြစ်တဲ့ Buff Removal ဟာ အဆိုပါ 1 second တစ်လျှောက်လုံးမှာဖြစ်ပေါ်နေမှာဖြစ်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ ဖျာထွက်သွားတဲ့ အချက်တိုင်းဟာ Slark ပေါ်မှာ ရှိသမျှ Negative Buff တွေ ကို ပယ်ဖျက်ပေးတဲ့အတွက်ပဲဖြစ်ပါတယ်။
ဒါကြောင့် Slark ဟာ မိမိပေါ်ကို ကျရောက်လာမယ့် အဝေးပစ် Stun Ability များကို လေထဲမှာ လာနေတာကို တွေ့တဲ့အချိန်မှာ (C) နှိပ်လိုက်ယုံနဲ့ နောက် 1.5 seconds အကြာမှာ အကုန်လုံးပျောက်သွားစေမှာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ Unstable Concoction (Alchemist), Storm Hammar (Sven), Magic Missile (Vengiful Spirit) တို့လို Ability များဟာ Slark အတွက် ကြောက်စရာ မကောင်းတဲ့ Ability များဖြစ်ပါတယ်။ Negative Buff များထဲမှာ Strong Buff များဖြစ်တဲ့ Maledict (WD), Fatal Bonds (Warlock), Fury Swipes (Ursa), Disruption (SD), Reaper's Scythe (Necro), Doom (Doom), Rupture (BS), Enfeeble (Bane), Berserker's Call (Axe), Ice Blast (AA) တို့ကိုတော့ Dark Pact နဲ့ ဖြတ်လို့ မရနိုင်ပေမယ့် သာမန် Negative Buff တွေဖြစ်တဲ့ Meld (TA), Shadow Strike (QoP) လိုမျိုး Stun မဟုတ်တဲ့ Buff တွေကိုတော့ ပြတ်စေမှာဖြစ်ပါတယ်။ ထို့ကြောင့် အဆိုပါ Dark Pact ဖြစ်ပေါ်နေချိန် 1 second အတွင်းမှာ မည်သည့် Negative Buff မှ အသုံးမပြုတာ အကောင်းဆုံးပါပဲ။ ဒါ့အပြင် Refraction (TA), Living Armor (Treant) ကဲ့သို့ Instant Protection Ability များကို အချိန်တိုအတွင်း ဖြတ်ဖို့ အတွက် Dark Pact က အထောက်အကူပြုပါလိမ့်မယ်။ Lvl တင်လေလေ Cooldown လျော့၊ Mana လျော့ပြီး Damage ကို တိုးစေတဲ့အတွက် Ganker တစ်ကောင်အတွက် ပထမဦးစားပေး တင်သင့်တဲ့ Ability တစ်ခု အဖြစ် အကြံပြုချင်ပါတယ်။
Enemy ကို 325 အကွာအဝေးထက် ပိုပြီး မသွားနိုင်အောင် ချူပ်ပေးထားမယ့် Pounce ကတော့ Jump Range, Jump Speed, Duration နဲ့ Mana Cost တွေကို မပြောင်းလဲ စေနိုင်ပေမယ့် များများတင်လေ Damage ပမာဏကို 60/120/180/240 Damage ဆိုတဲ့အတိုင်း တိုးလာစေပြီး Cooldown ကိုတော့ 20/16/12/8 ဆိုတဲ့အတိုင်း ကျ သွားစေမှာဖြစ်ပါတယ်။ အဆိုပါ Pounce ရဲ့ တွက်ချက်ပုံအရ Blink Ability ရှိတဲ့ Hero တွေနဲ့ Teleportation ကသာ Pounce ကနေ လွတ်ထွက်သွားနိုင်မှာဖြစ်ပါတယ်။ Pounce ချူပ်မိသွားတဲ့ Hero တစ်ကောင်ဟာ lvl ဘယ် နှစ်ဆင့်ပဲ ဖြစ်ဖြစ် 3.5 seconds အထိ ချူပ်မိနေမှာဖြစ်ပြီး Pounce ရဲ့ အားသာချက်ကတော့ Invisible Unit များကို ချူပ်နိုင်တဲ့အချက်ပဲဖြစ်ပါတယ်။ Pounce မိထားတဲ့ Enemy Hero ဟာ Black King Bar အသုံးပြုပြီး အဆိုပါကြိုးကို ဖြတ်ပြီး ထွက်ပြေးနိုင်ပေမယ့် အခြားသော Magic Immunity Ability တွေကတော့ Pounce ကို ပယ်ဖျက်ပေးနိုင်မှာမဟုတ်ပါဘူး။ lvl ၁ဝ ခန့် မှာ Dark Pact နဲ့ Pounce များများယူထားပြီး Enemy ကို ထိအောင် အသုံးပြုနိုင်ယုံနဲ့ 300 + 240 = 540 Damage အထိ သတ်ရောက်စေမှာဖြစ်လို့ Pounce ဟာ အသင့်အတင့်ရှိတဲ့ Damage ပမာဏကိုပါ ပေးတာဖြစ်လို့ ဒုတိယ ဦးစားပေး တင်သင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။
Slark ကို Anti-Tanker ဆိုတဲ့ နာမည်ကို ရစေတဲ့ Essence Shift ကတော့ Mana နဲ့ အသုံးပြုစရာမလိုတဲ့ Passive Ability တစ်ခုဖြစ်ပါတယ်။ Slark ဟာ Enemy Hero တစ်ကောင်ကို Physical တစ်ချက်ခုတ်လိုက်တိုင်း အဆိုပါ Hero မှာ 1 strength, 1 intelligence, 1 Agility ဆီ လျော့သွားမှာဖြစ်ပြီး Slark မှာတော့ 3 Agility ဆီ တိုးလာမှာဖြစ်ပါတယ်။ 1 strength ဟာ 19 Hp, 1 intelligence ဟာ 13 Mana နဲ့ 1 Agility ကတော့ 0.14 Armor ဆိုတဲ့ တန်ဖိုး အသီးသီး ရှိလို့ Slark ရဲ့ ခုတ်ချက်ကို ခံရတဲ့ Hero တစ်ကောင်ဟာ အခုတ်ခံနေရတာနဲ့ အမျှ Hp, Mana, Armor တွေ လျော့သွားမှာဖြစ်ပြီး Slark မှာတော့ +3 Attack Speed, +3 Damage, +0.42 Armor ဆီ တိုးလာမှာဖြစ်လို့ ကြာကြာယှဉ်ခုတ်လေ ကွာခြားချက်က ကြီးလာလေလေ ဖြစ်သွားမှာပါ။ မိမိယူထားတဲ့အဆင့်ပေါ်မူတည်ပြီး အဆိုပါ Bonus Attribute ဟာ 30/60/90/120 seconds ဆိုတဲ့အတိုင်း မိမိမှာသိမ်းထားနိုင်မယ့် အချိန်ကြာလာမှာဖြစ်ပါတယ်။ ပွဲအစောပိုင်းမှာ မိမိရဲ့ Attack Speed ဟာ သိပ်မများနိုင်တဲ့အပြင် Item နဲ့ Level မစုံသေးတဲ့ Hero တစ်ကောင်ကို သတ်ဖို့အတွက် Physical ခုတ်ချက်တွေထက် များပြားတဲ့ Damage ပမာဏက ပိုအသုံးဝင်ပါလိမ့်မယ်။ ဒါကြောင့် ကစားပွဲအစောပိုင်းမှာ အချိန်အကြာကြီး ခုတ်စရာ အခွင့်အလမ်းနည်းတာကြောင့် Essence Shift ဟာ ပွဲလယ်မတိုင်ခင်မှာ ၁ ဆင့်ထက်ပိုယူထားလည်း အကျိုးကျေးဇူး အများကြီးရှိစေမှာ မဟုတ်တဲ့အတွက် နောက်ဆုံးမှ တင်သင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။
နှိပ်သုံးသုံး၊ မနှိပ်ဘဲ သုံးသုံး Slark အတွက် အကျိုးရှိစေတဲ့ Ultimate Shadow Dance ကတော့ Gem of True Sight, Dust, Necrowarrior,Tower, Fountain, Amplify Damage (Slardar) နဲ့ Track (Bounty Hunter) တို့ရဲ့ True Sight များနဲ့တောင် မမြင်ရအောင် Slark ကို ကာကွယ်ပေးပါလိမ့်မယ်။ Active အနေနဲ့ Shadow Dance ကို အသုံးပြုလိုက်တဲ့ 4 seconds အတွင်းမှာ Slark ဟာ Perfect Invisible ကို ရရှိနေမှာဖြစ်လို့ အဆိုပါ အချိန်အတွင်း Attack, Ability, Item အသုံးပြုခြင်းတွေကြောင့် သူ့ရဲ့ Invisible အခြေအနေကနေ ပေါ်သွားစေမှာမဟုတ်ပါဘူး။ Shadow Dance ၁ ဆင့်ယူပြီးသွားတာနဲ့ တစ်ပြိုင်နက် တစ်ဖက်အသင်းက Slark ကို မမြင်ရတဲ့ အခြေအနေတစ်ခု ဖြစ်တိုင်း Slark ဟာ 30%/35%/40% Movement Speed နဲ့ 3%/5%/7% Hp Regeneration ကို ရရှိပါလိမ့်မယ်။ ဥပမာအနေနဲ့ Lvl 16 မှာ Slark ရဲ့ Maximun Hp ဟာ 1500 Hp ရှိတဲ့အခြေအနေမှာ တစ်ဖက်အသင်းက မမြင်ရတဲ့ အခြေအနေကို ရောက်သွားခဲ့ရင် Slark ဟာ 1500 * 0.07 = 105 Hp Regen per Second ကို ရရှိနေမှာဖြစ်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုကတော့ Shadow Dance ကို Passive အနေနဲ့ မဟုတ်ပဲ Active အနေနဲ့ နှိပ်သုံးတဲ့အခါတိုင်းမှာ Slark ဟာ 12%/20%/28% Hp Regeneration ဆိုပြီး ရရှိပါလိမ့်မယ်။ အားနည်းချက်များအနေနဲ့ Doom အတင်ခံထားရတဲ့ အချိန်နဲ့ Neutral Creep နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာတော့ Slark ရဲ့ Hp Regen Passive ဟာ ရပ်တန့်နေမှာဖြစ်ပြီး Active Shadow Dance ဟာ Slark ကို မမြင်ရနိုင်ပေမယ့် မီးခိုးတွေဟာ သူ့ရဲ့ တည်နေရာကို ထင်ရှားစွာ ညွှန်ပြနေတာဖြစ်လို့ Point, AoE Stun Ability ရှိတဲ့ Hero များက အလွယ်တကူပင် ဟန့်တားနိုင်ပါလိမ့်မယ်။ ရန်သူတွေ မမြင်နိုင်တဲ့နေရာမျိုးမှာ သွားလာနေတဲ့အချိန် Hp Regen ရပ်တန့်နေမယ်ဆိုရင်တော့ အဆိုပါ နေရာမှာ Observer Ward စိုက်ထားခြင်း၊ Beastmaster ရဲ့ Scout Hawk ရှိနေခြင်းဖြစ်ကြောင်း အလွယ်တကူ သုံးသပ်နိုင်ပါတယ်။
Items
Slark ဟာ ရွေးချယ်စရာ Item အလွန်များတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။Slark ဟာ အခြား Agility Hero များကဲ့သို့ Damage ထက် Attack Speed ကို ပိုမို မှီခိုတာဖြစ်လို့ Mask of Madness ကဲ့သို့ နူးလွယ်နပ်လွယ် ဈေးပေါပေါနဲ့ Attack Speed များများရမယ့် Item မျိုးကို ရွေးချယ်လာတာမျိုးတွေ့ရတတ်သလို Mjollnir, The Butterfly, Sange and Yasha ကဲ့သို့ Attack Speed Item မျိုးတွေကိုလည်း ပွဲအခြေအနေကြည့်ပြီး ရွေးချယ်နိုင်ပါတယ်။ အစောပိုင်းမှာတော့ ဈေးပေါပေါနဲ့ မိမိရဲ့ ရန်သူကို Movement Speed Slow စေနိုင်တဲ့ Orb of Venom ကို ဝယ်ထားခြင်းအားဖြင့် ပွဲနောက်ပိုင်းမှာ Attribute တိုးစေမယ့် Eye of Skadi အဖြစ် အဆင့်တင်နိုင်မှာလည်းဖြစ်ပါတယ်။ Skull Basher ဟာလည်း မိမိယှဉ်ခုတ်ရမယ့် Hero ကို Stun ကာအားသာချက်ယူပြီး ခုတ်စေနိုင်မှာဖြစ်လို့ Crystal ကဲ့သို့ Damage Item ထက် ပိုမို အကျိုးရှိစေပါလိမ့်မယ်။ Bkb ကတော့ ပွဲအခြေအနေအရ ရွေးချယ်သင့်တဲ့ Item တစ်ခုဖြစ်ပြီး Shadow Blade ကို ဆက်ထားခြင်းအားဖြင့် Slark ကို Attack Speed တိုးစေယုံမကပဲ Invisible လုပ်ခြင်းအားဖြင့် တိုက်ရင်းခိုက်ရင်း အလျှင်အမြန် Passive Hp Regen တက်စေဖို့ အထောက်အကူပေးပါလိမ့်မယ်။ မိမိဟာ Slark ကို လက်ညီတဲ့ အသင်းသားများနဲ့အတူ ပွဲထုတ်ခဲ့မယ်ဆိုရင်တော့ Dagger ဟာ အကောင်းမွန်ဆုံး Ganker တစ်ကောင် ဖြစ်အောင် အထောက်အကူပေးပါလိမ့်မယ်။ မိမိအသင်းသားများနဲ့အတူ တစ်ဖက်အသင်းကို Gank တဲ့နေရာမှာ အဆိုပါ Enemy အနားကို Dagger >> Pounce အသုံးပြုပေးထားခြင်းအားဖြင့် အဆိုပါ Hero ကို မိမိ Ganker များ ရောက်လာတဲ့အထိ 3.5 seconds လောက်အချိန်ဆွဲပြီး ဖမ်းပေးထားနိုင်မှာပါ။ ကစားပွဲအခြေအနေအရ လိုတာထက်ပိုပြီး Battle မှာ အနေကြာဖို့ Vanguard နဲ့ Heart ဟာလည်း ရွေးချယ်သင့်တဲ့ Item များဖြစ်ပါတယ်။ Positive Buff အသုံးပြုပြီး တိုက်ခိုက်တဲ့ Hero များနဲ့ ယှဉ်ခုတ်ဖို့ Diffusal Blade, Spell Caster တွေ အရမ်းများတဲ့ ပွဲမျိုးမှာ Attack Speed ပေးမယ့် Orchid, Physical ယှဉ်ခုတ်မယ့် Hero ကို မိမိရထားမယ့် Agility များနဲ့ တန်ပြန် Finishing လုပ်ပေးနိုင်မယ့် Ethereal Blade အစရှိသဖြင့်လည်း မိမိရဲ့ ပွဲအခြေအနေကို ကြည့်ပြီး Flexeble ကျကျ ရွေးချယ်ဝယ်ယူနိုင်တဲ့အတွက် Slark ဟာ Inventory ၆ ကွက် အတွက် ရွေးချယ်စရာအလွန်များတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။
အဆိုးရွားဆုံးသော အားနည်းချက်ကတော့ တစ်ဖက်အသင်းက Counter Pick အနေနဲ့ Blood Seeker ကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင် သင့်ရဲ့ Shadow Dance Passive ကို အဆိုးရွားဆုံး ထိခိုက်စေပါလိမ့်မယ်။ ဒါ့အပြင် Nuker များဟာလည်း အစောပိုင်းမှာ Hp နည်းတဲ့ Slark ကို အကောင်းဆုံး Counter လုပ် ပေးနိုင်ပါလိမ့်မယ်။
Dota မှာ နေ့ရောညပါ 1800 Sight Range ရှိတဲ့ တစ်ကောင်တည်းသော Hero ကတော့ Slark the Nightcrawler ပဲဖြစ်ပါတယ်။
TZ.HyperX
No comments:
Post a Comment