မြန်မာနိုင်ငံအတွင်း DoTA Gameကစားရာတွင် ပညာများရင့်သန်လာစေရန် ဒီ PAGE ကိုထောင်လိုက်ရခြင်းဖြစ်သည်
Thursday, December 11, 2014
Mortred The Phantom Assassin အကြောင်း
Mortred နောက်ကြောင်းရာဇ၀င်
အနာဂတ်ကို ကြိုမြင်နိုင်စွမ်းများ ပိုင်ဆိုင်ထားတဲ့ " မျက်နှာဖုံး ညီအစ်မများ " ဟာ သူတို့ရဲ့စိတ်အာရုံမှာပေါ်လာတဲ့ကလေးငယ်များကို ရွေးချယ်ကာ လက်ဆင့်ကမ်း ပြုစုပျိုးထောင်ပြီး ကိုးကွယ်ရာ သဘာဝ တရားရဲ့လမ်းစဉ်အရ လုပ်ကြံသတ်ဖြတ်နည်းများကိုသာ အာရုံပြုထားစေပါတယ်။ " မျက်နှာဖုံး ညီအစ်မများ " ဟာ တရားထိုင်ခြင်း နဲ့ ဘုံကျောင်းမှ နတ်ဘုရားများရဲ့ စကားသံများကနေ သူတို့ သတ်ဖြတ်ရမယ့် ပစ်မှတ်ကို ရရှိကြပါတယ်။ သူတို့ဟာ နိုင်ငံရေးနဲ့ကြေးစားသတ်ဖြတ်ခြင်း အစရှိတဲ့ စာချူပ်များကို လုံးဝ လက်ခံခြင်းမရှိပါဘူး။ သူတို့ ရွေးချယ်သတ်ဖြတ်တဲ့ ပစ်မှတ်များဟာ အပြင်လူတွေ လုံးဝ ခန့်မှန်းလို့ မရအောင် တစ်ခုနဲ့ တစ်ခု ချိတ်ဆက်လို့ မရဘဲ လုံးဝ ကြုံရာကျဘန်း ပစ်မှတ်များ ဖြစ်နေတတ်ပါတယ်။ အဖျက်စွမ်းအားကြီးမားသော သတ်ဖြတ်မှုတွေကို အဆင့်အတန်း မတူညီသော ပစ်မှတ်များအပေါ်အသုံးချနေပေမယ့် အကြောင်းပြချက်ကိုတော့ သူတို့ဘာသာပဲ သိပါလိမ့်မယ်။ သူတို့သတ်ဖြတ်လိုက်တဲ့ သူများကို စတေးခံသက်ရှိများလို့သာ သတ်မှတ်ထားပြီး သူတို့လက်နဲ့ သတ်ဖြတ်လိုက်နိုင်တဲ့ အခါတိုင်း ဂုဏ်သိက္ခာ ကြီးမြင့်ဖို့ အတွက်သာလို့ ခံယူထားပါတယ်။ အမိန့်အရ ရှင်သန်နေတဲ့ ချွင်းချက်တစ်ခုမှ လွဲရင် လူသားတစ်ဦးအနေနဲ့ ဖြစ်တည်မှု သတ်မှတ်ထားခြင်းမရှိတဲ့အတွက် Phantom Assassin များအားလုံးဟာ တစ်ယောက်နေရာ တစ်ယောက် အစားထိုးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ အရေအတွက် အတိအကျ ဘယ်လောက်ရှိသလဲဆိုတာ မည်သည်မှ မသိနိုင်တဲ့ အချက်ဖြစ်ပါတယ်။ သူတို့ရဲ့အရေအတွက်ဟာ အရေအတွက်အများကြီးလား၊ အနည်းစုပဲလားဆိုတာ ခန့်မှန်းမရနိုင်သလို အဆိုပါ မိစ္ဆာခေါင်းစွတ် အောက်မှ လျှို့ဝှက်ချက် တွေကို ဘယ်သူမှ မသိနိုင်ခဲ့ပါဘူး။ အချိန်ကာလတွေ ကြာညောင်းလာခဲ့ပြီးနောက်မှာတော့ မိစ္ဆာခေါင်းစွတ်အောက်ကနေ မည်သူမှသေချာမကြားရလောက်တဲ့အသံတစ်ခုနဲ့ တားမြစ်ထားတဲ့ သူမရဲ့ နာမည်ကို ရေရွတ်လိုက်ပါတယ်။ အဲ့ဒီ့ နာမည်ကတော့ " Mortred " ပါပဲ။
Overview
Phantom Assassin ကို Hard Carry တစ်ကောင် သတ်မှတ်ထားသည့်အတိုင်း Item အသင့်အတင့် လိုအပ်တဲ့ Hero တစ်ကောင်ဖြစ်တဲ့အတွက် Farming ဟာလည်းအခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အစောပိုင်းမှာ Creep စားဖို့အတွက် အခက်အခဲအနည်းငယ်ရှိတဲ့ အခြားသော Melee Carry Hero တွေထက် အားသာတဲ့အချက်တစ်ချက်အဖြစ် Mana ပမာဏအနည်းငယ်နဲ့ Target တစ်ခုတည်းကို ရွေးချယ်တိုက်ခိုက်နိုင်သော Cooldown နည်းပါးတဲ့ Stifling Dagger ပါဝင်နေခြင်းက Phantom Assassin ကို အစပိုင်းမှာ အထောက်အကူအပေးနိုင်ဆုံး Ability တစ်ခုဖြစ်ပါတယ်။ Carry Hero တစ်ကောင်ကို Mana အနည်းငယ်အသုံးပြုပြီး များပြားတဲ့ Attack Speed ပမာဏကို ပေးတဲ့အပြင် Escape အတွက်ပါ အသုံးဝင်တဲ့အတွက် Blink Strike, Physical တိုက်ခိုက်မှုတိုင်းကို Miss ဖြစ်ပေါ်စေမယ့် Blur အပြင် အရိုးရှင်းဆုံး Critical Damage ပမာဏ အမြောက်အများကိုဖြစ်ပေါ်စေမယ့် Coup De Grace တို့ကြောင့် Phantom Assassin ဟာ ကစားပွဲတစ်ခုရဲ့ အစ၊ အလယ်မှ အဆုံးထိ အသုံးဝင်တဲ့အတွက် ကစားသမားအများစု ကြိုက်နှစ်သက်တဲ့ နူးလွယ်နှပ်လွယ် Carry Hero တစ်ကောင်ဖြစ်ပါတယ်။
Creep စားရခက်တဲ့ Melee Carry Hero တစ်ကောင်အနေနဲ့ ကစားပွဲအစမှာ တစ်ဖက်အသင်းရဲ့ Hero တွေအနားထိသွားပြီး 60 Damage ဖြင့် Creep စားခွင့်ရဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် Mortred အတွက်တော့ level 1 မှာတင် 60 Pure Damage နဲ့ Creep Unit တွေကို တိုက်ခိုက်နိုင်မယ့် Stifling Dagger ကို ပိုင်ဆိုင်ထားပါတယ်။ 6 seconds Cooldown ပုံသေရှိပြီး 30/25/20/15 Mana သာ ရှိတဲ့အတွက် သုံးပျော်တဲ့ Ability တစ်ခုဖြစ်တဲ့အပြင် 60/100/140/180 Damage ဆိုတဲ့အတိုင်း Damage တိုးလာမှာ ဖြစ်ပါတယ်။ အဆိုပါ Damage ပမာဏဟာ Creep Unit တွေကိုသာ သတ်ရောက်မှာဖြစ်ပြီး Hero တွေအတွက်တော့ အဆိုပါ Damage ရဲ့ တစ်ဝက်သာ သတ်ရောက်စေမှာဖြစ်ပါတယ်။ 50% Movement Speed Slow ကို 1/2/3/4 seconds ဖြစ်ပေါ်စေမယ့် Stifling Dagger ဟာ နောက်ဆုံးအဆင့်မှာ ယူထားတဲ့ Coup De Grace အဆင့်အလိုက် Hero ကို 225/315/405 Damage နဲ့ Creep ကို 450/630/810 Damage အထိ Critical တက်စေမှာဖြစ်ပါတယ်။
Hyper Stone ၂ တုံးထက်များပြားတဲ့ 130 Attack Speed နှုန်းနဲ့ ၄ ချက်တိတိခုတ်ခွင့်ရဖို့အတွက် 50 mana တည်းသာ အသုံးပြုဖို့လိုအပ်သော Blink Strike ဟာ Cast Range 1000 ရှိတဲ့ Target Ability တစ်ခုဖြစ်ပါတယ်။ အသုံးပြုခံရတဲ့ Unit ဟာ Enemy Unit ဖြစ်ခဲ့မယ်ဆိုရင်တော့ ထို Unit ကို အလိုအလျောက်တိုက်ခိုက်မှာဖြစ်ပြီး Ally Unit ကို Escape အနေနဲ့ အသုံးပြုရင်တော့ Attack Speed ရော Auto Attack ပါ မဖြစ်ပေါ်ဘဲ သာမန် Blink တစ်ခုအနေနဲ့သာ အသုံးဝင်စေမှာဖြစ်ပါတယ်။ 130 Bonus Attack Speed ဟာ Blink Strike အသုံးပြုခံရတဲ့ Unit ကို တိုက်ခိုက်မှသာ ရရှိမှာဖြစ်ပြီး Target ပြောင်းခုတ်ခြင်း (သို့မဟုတ်) ကြာချိန် 4 seconds အတွင်း ၄ ချက်မခုတ်နိုင်ရင် ရပ်တန့်သွားမှာဖြစ်ပါတယ်။ များများယူရင် Cooldown တစ်မျိုးတည်းသာ ကျသွားမှာဖြစ်ပြီး အခြားပြောင်းလဲမှုများ မရှိတဲ့အတွက် Enemy Team ဘက်က မိမိရဲ့ Lane မှာရှိတဲ့ Hero အမျိုးအစားကိုသုံးသပ်ပြီး တင်ပေးသင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။
Troll Warlord, Broodmother, Brewmaster ကဲ့သို့ Miss Chance ရှိတဲ့ Hero တွေနဲ့နှိုင်းယှဉ်လိုက်တဲ့အခါမှာ အရိုးရှင်းဆုံးနဲ့ပမာဏများပြားတဲ့ Blur ဟာလည်း Mortred ကို Miss Chance ပေးမှာဖြစ်ပါတယ်။ Item ရှာဖို့လိုအပ်တဲ့ Hard Carry တစ်ယောက်အနေနဲ့ မိမိရဲ့ Safe Farm ကိုများစွာအထောက်အကူပြုတဲ့ Ability ဖြစ်ပါတယ်။ Mortred ရဲ့ 1600 AoE အတွင်းမှာ Enemy Hero Unit မရှိတိုင်း တစ်ဖက်အသင်းရဲ့ Minimap မှာ Hero Icon ပျောက်နေမှာဖြစ်ပြီး အဆိုပါ AoE အတွင်း Enemy တစ်ကောင်ကောင်ရောက်လာရင်တော့ Icon ပြန်ပေါ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိကို တစ်ဖက်အသင်းက လာရောက်တိုက်ခိုက်ပြီလားဆိုတာကို မြေပုံကို မကြာခဏကြည့်ပေးရုံနဲ့ အခြေအနေကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမှု Blur ဟာ Mortred ကို 50% Physical Attack Miss Chance ကိုပေးမှာဖြစ်ပါတယ်။
Dota မှာ ရှိသမျှ Critical Chance အားလုံးထဲမှာ ပမာဏအများဆုံးဖြစ်တဲ့ Coup De Grace ဟာ သာလွန်တဲ့ Ability တစ်ခုဖြစ်တာကြောင့် Pseudo Random Distribution နဲ့တွက်ချက်သတ်ရောက်တဲ့ Critical Damage Ultimate တစ်ခုဖြစ်ပါတယ်။ Pseudo Random Distribution ဟာ ရာခိုင်နှုန်းနဲ့တွက်ချက်ရတာခြင်းအတူတူ ပိုမိုကြမ်းတမ်းတဲ့ Ability တွေကို မကြာခဏဖြစ်ပေါ်ခြင်းကနေ လျော့ချပေးတဲ့နေရာမှာ အသုံးပြုတဲ့ တွက်ချက်မှုတစ်မျိုးဖြစ်ပြီး ယေဘုယျအားဖြင့် PRD ဟာ ရှိတဲ့ Chance % ကို ၃ပုံ ၁ပုံဖြင့်သာ စတင်သက်ရောက်စေပြီး Chance မဝင်တော့မှသာ မူလသတ်မှတ်ထားတဲ့ % ပမာဏအထိ တိုးလာစေတဲ့ပုံစံဖြစ်ပါတယ်။ မိမိ Damage ရဲ့ ၂.၅/ ၃.၅/ ၄.၅ ဆ နှုန်း Critical Chance ဝင်မှာဖြစ်တဲ့အပြင် အဆိုပါ Critical ဆ ဟာ Stifling Dagger ကိုမှာပါ သတ်ရောက်စေမှာဖြစ်ပါတယ်။
130 Attack Speed ကို မပင်မပန်းပဲရရှိမယ့် Mortred အတွက် ယေဘုယျ Power Tread အပြင် Creep Farming ကို ပိုမိုသေသပ်စေမယ့် Phase Boots ကို ရွေးချယ်လေ့ရှိတာကိုလည်းတွေ့ရပါတယ်။ ခပ်ပျော့ပျော့ Mortred အတွက် အနည်းငယ် Tank ဖြစ်စေမယ့် Helm of Dominator သို့မဟုတ် Black King Bar ဟာ တက်နိုင်သလောက် မြန်မြန်ဆက်ပေးသင့်တဲ့ Item တွေဖြစ်ပြီး သူမရဲ့ Critical ကို အကျိုးရှိစေမယ့် Abyssal Blade, Battle Fury, Butterfly, Monkey King Bar တို့ကိုလည်း နှစ်သက်သလို ရွေးချယ်နိုင်ပါတယ်။ တကယ်လို့သင်က Desolator ဆက်ဖို့အစီအစဉ်မရှိဘူးဆိုရင် Offering ကို လုံးဝရှောင်ပြီး Dominator ပဲဆက်သင့်ပါတယ်။ သင့်ကို တိုက်ခိုက်မယ့် Massive Magical Damage User တွေရဲ့တိုက်ခိုက်မှုကို ခုခံရာမှာ အနည်းငယ် Tank စေဖို့ Satanic ဟာ Lifesteal လိုအပ်တဲ့ Mortred အတွက် အကောင်းဆုံး Item တစ်ခုဖြစ်ပါတယ်။
Mortred ဟာ အပေါ်မှာဖော်ပြခဲ့တိုင်းအတိုင်းအားသာချက်ပေါင်းများစွာရှိတဲ့ Carry Hero တစ်ကောင်ဖြစ်သလို Str grow, Int grow နည်းပါးခြင်းက သူမရဲ့အဓိကအားနည်းချက်ဖြစ်ပါတယ်။ Magical Damage များကို ခံနိုင်စွမ်းမရှိတဲ့ Agility Hero တွေရဲ့ ထုံးစံအတိုင်း Hp ပမာဏနည်းပါးလွန်းတဲ့ Mortred ကို Lion, Lina, Skywarth Mage ကဲ့သို့ Massive Damage ပေးနိုင်တဲ့ Hero များနဲ့ အလျှင်အမြန်ဖျောက်ခြင်းက ကစားသမားအများစု သုံးနေကျ အစောပိုင်းထိန်းကျောင်းမှုတစ်ခုဖြစ်ပါတယ်။ Mortred ရဲ့အဓိကအားသာချက်ဟာ တိုက်ခိုက်မယ့် Unit နားကို အလျှင်အမြန်ရောက်လာမယ့် Blink Strike ဖြစ်တဲ့အတွက် Silance ပိတ်ပေးခြင်းကလည်း Mortred ရဲ့ 130 Attack Speed ကိုဟန့်တားနိုင်တဲ့အတွက် Doom, Orchid တို့ဟာ Mid Game Counter များပဲဖြစ်ပါတယ်။ Blur မှီခိုရတဲ့ Mortred အတွက် Monkey King Bar ဟာ တစ်ဖက်အသင်း Carry Hero တစ်ယောက်ယောက်ဆက်သင့်တဲ့ Core Item တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် များပြားလှတဲ့ 50% သော အဆိုပါ Evasion ကို Hex ခြင်းဖြင့် 100% ပယ်ဖျက်ပေးနိုင်တဲ့အတွက် Scythe of Vyse, Lion, Shadow Shaman တို့ဟာလည်း ပွဲနောက်ပိုင်းအထိအသုံးဝင်စေမယ့် Counter များပဲဖြစ်ပါတယ်။ Professional ကစားပွဲများမှာပါ ရန်ဖံရန်ခါမြင်တွေ့လာရတဲ့ Mortred The Phantom Assassin နဲ့ ပတ်သတ်ပြီး ကမ္ဘာ့အနှံ့အပြားမှာလည်း မတူညီတဲ့ ကစားပုံအမျိုးမျိုးဆော့ကစားနေကြပါတယ် ။
TZ.HyperX
Labels:
DoTA Heroအကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment